Lawka Ahla လောကအလှ
Thursday, 2 February 2017
Wednesday, 1 February 2017
သူတို့ဆီက ၁၁၅ မိုင်
nternational Science, Technology and Innovation Centre for South-South
Cooperation under the Auspices of UNESCO ၊ Malaysian Highway Authority
(MHA),Construction Industry Development Board Malaysia (CIDB) ၊
Institution of Engineers, Malaysia (IEM) နဲ့ Master Builders
Association Malaysia (MBAM) တို့ပူးပေါင်းပြီး စီစဉ်ဖွင့်လှစ်တဲ့
Maintenance of Infrastructure သင်တန်းကို မတ်လ ၃၀ ရက်ကနေ ဧပြီလ ၂
ရက်နေ့ထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ အခြားအာစီယံနိုင်ငံများက
ကိုယ်စားလှယ် အင်ဂျင်နီယာများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ
အင်ဂျင်နီယာ ၃ ဦးနဲ့အတူ တက်ခဲ့ပါတယ်။ သင်တန်းကာလမှာ technical visit
လေ့လာရေးခရီးများအဖြစ် သွားရတဲ့နေရာတွေထဲမှာ ဒုတိယနေ့မှာ
သွားရောက်လေ့လာရတဲ့နေရာက ကျွန်မတို့ဆီက ၁၁၅ မိုင်လိုမျိုး အဝေးပြေးယာဉ်၊
ခရီးသည် ရပ်နားစခန်း Rest and Service Area (RSA Dengkil North Bound)
ဆိုတဲ့နေရာပါ။ခရီးသည်များ နားနေ အဆင်ပြေစေရန် ယာဉ်ရပ်နားနေရာ၊
စားသောက်ဆိုင်များ၊ အိမ်သာ၊ အများသုံးတယ်လီဖုန်း၊ convenience store ၊
အမျိုးသား ၊ အမျိုးသမီး ဘုရားဝတ်ပြုရန်နေရာ surau (prayer room) ၊ ATM
ငွေထုတ်စက်၊ ဆေးလိပ်သောက်သူများအတွက် စားသောက်ဆိုင်တန်းအပြင်ဘက်
နားနေရာနေရာ စသည်တို့ ပြည့်ပြည့်စုံစုံ ရှိပါတယ်။ အိမ်သာများမှာလည်း
သန့်ရှင်းပြီး အနံ့အသက် မရှိပါဘူး။ ဘယ်လို Chemical တွေ သုံးသလဲလို့
ကျွန်မ မေးကြည့်တော့ သူတို့ ကိုယ်တိုင် ဖျော်စပ်တဲ့ ဓာတုဆေးများ
သုံးတယ်လို့ သိရပြီး ဓာတုဆေး ဖျော်စပ်ပုံကိုပါ လေ့လာခဲ့ရပါတယ်။ မတော်တဆမှု
ဖြစ်လျှင် ချက်ချင်း ရေဆေး ရေချိုးလို့ ရနိုင်တဲ့ Basin ၊
ရှေးဦးသူနာပြုစု ဆေးသေတ္တာတွေ စနစ်တကျ ထားရှိထားပြီး
အလှည့်ကျတာဝန်ကျသူများ ဂျုတီချိန် အပြောင်းအလဲမှာ အလွယ်တကူ
သိရှိနိုင်စေဖို့ logbook စာအုပ်များ ထားရှိပြီး တာဝန်ကျသူ
တစ်ဦးနဲ့တစ်ဦး အကြား သတင်းအချက်အလက် လက်လွတ်သွားခြင်းမျိုး
မဖြစ်နိုင်အောင် စီစဉ်ထားရှိပါတယ်။စားသောက်ဆိုင်တန်းများမှာ
အစားအစာရောင်းသည့်ဆိုင်၊ အအေး အချိုရည်ဆိုင် တို့ကို တစ်ဆိုင်ခြားစီ
ဖွင့်ထားတာကြောင့် စားသုံးသူ ခရီးသည်များအတွက် အဆင်ပြေလှပါတယ်။
လက်ဆေးကန်မှာလည်း ဆပ်ပြာရည် ၊ လက်သုတ်ပုဝါတို့ကို ပြည့်ပြည့်စုံစုံ
ထားရှိပေးပြီး လက်ဆေးနည်း ရုပ်ပုံ ကားချပ်များကိုလည်း လက်ဆေးကန်နံရံမှာ
ကပ်ထားပါတယ်။ အသား ငါး အသီးအရွက်များ ဆေးရန် basin ကိုလည်း သန့်ရှင်းအောင်
ထားတာတွေ့ရပါတယ်။ ဆိုင်များအတွက် ပန်းကန်များ အိုးခွက်များ ဆေးရန်
ပန်းကန်ဆေးကန်များ ထားရှိတဲ့ အခန်းကျယ်ကိုလည်း တွေ့ခဲ့ရပါတယ်။
စားဖိုမှုးတစ်ယောက်ကို ကျွန်မက နောက်ပြောင်ပြီး ညစ်ပတ်ရင်
ဘယ်လိုလုပ်မလဲလို့ မေးကြည့်ပါတယ်။ ကျွန်တော်တို့ သန့်ရှင်းမှု မရှိရင်
ညစ်ပတ်ရင် စားသုံးသူက ကျွန်တော်တို့ဆီကို နောက်တစ်ခေါက်
မလာတော့ပါဘူး...ကျွန်တော်တို့က ဒီစားသုံးသူ ကျွန်တော်တို့ဆီကို လာတယ်ဆိုရင်
နောက်အခေါက်တိုင်းလည်း ကျွန်တော်ဆို့ဆီလာအောင် ဝန်ဆောင်မှု
ပေးတာပါ..စစ်ဆေးရေးဝင်လို့ ကျွန်တော်တို့ဆိုင်က ညစ်ပတ်တယ်ဆိုရင်
ကျွန်တော်တို့ ဆိုင် ပိတ်လိုက်ရမှာပါ တဲ့။စားသောက်ဆိုင်တန်းကို တစ်လလျှင်
တစ်ရက် တစ်နေကုန် ပိတ်ပြီးတော့ ပိုးသတ်ဆေးဖြန်းတာတွေ လုပ်ပါတယ်လို့လည်း
သိရပါတယ်။သန့်ရှင်းပြီး စနစ်တကျရှိတဲ့ နားနေခရီးသည်တွေအတွက်ရော
ယာဉ်မောင်းတွေအတွက်ပါ အဆင်ပြေစေတဲ့ ခရီးသည်ယာဉ်ရပ်နားစခန်းမှာ
စိတ်ချမ်းသာစွာနဲ့ စားသောက်သုံးဆောင် နားနေခဲ့ရပါတယ်။အဓိက ကတော့
စီမံခန့်ခွဲမှုနဲ့ စည်းကမ်းနဲ့ ဘက်လိုက်မှု အဂတိကင်းမှုပါပဲ။
Subscribe to:
Posts (Atom)